မြန်မာနိုင်ငံသားများဘဏ် (MCB) နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း (IFC)တို့မှ မြန်မာနိုင်ငံအတွင်း ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ရန် သဘောတူ လက်မှတ်ရေးထိုးခြင်း

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင် ပြည်သူပိုင်ဘဏ်တစ်ခု ဖြစ်သော မြန်မာနိုင်ငံသားများဘဏ် (MCB) နှင့် ကမ္ဘာ့ဘဏ်၏ အဖွဲ့ဝင်ဖြစ်သော အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း (IFC-International Finance Coorporation) တို့မှ လာမည့် ၃ နှစ်တာကာလအတွင်း ဘဏ်၏ လုပ်ကိုင်ဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်နိုင်စေရေးအတွက် အကြံပေးအတိုင်ပင်ခံ ဝန်ဆောင်မှုများအတွက် နှစ်ဦးနှစ်ဖက် သဘောတူလက်မှတ်ရေးထိုးပွဲကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင် (Yangon Stock Exchange-YSX )၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သဘောတူညီချက်အောက်၌ မြန်မာနိုင်ငံသားများဘဏ်၏ လုပ်ငန်းရည်ရွယ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူပြု၍ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်အား ပြီးမြောက်စေရန်အတွက် IFC သည် မြန်မာနိုင်ငံသားများဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ခေတ်မှီဆန်းသစ်သော ဝန်ဆောင်မှုများကို ပြည်သူများအားပေးနိုင်သည့် Customer များ အလေးထားရွေးချယ်သော ဘဏ်တစ်ခုဖြစ်လာစေရေး၊ ဘဏ်ခွဲများနှင့်ကွန်ရက်များအား တိုးချဲ့ခြင်း၊ ငွေကြေးနှင့်ဆုံးရှုံးနိုင်ခြေဆိုင်ရာ စီမံခန့်ခွဲမှုများ၊ လုပ်ငန်းဆောင်ရွက်ချက်များကို အဆင်ပြေချောမွေ့စေရန် မြှင့်တင်အကောင်အထည်ဖော်ခြင်းများအား အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Categories

Small Steps to Your Better Future.