YSX Expo 2019

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့၊ Novotel Yangon Max Hotel တွင် နံနက် ၉နာရီခွဲမှ ညနေ ၃နာရီခွဲအထိ ခမ်းနားစည်းကားစွာ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ်မြောက် YSX Expo 2019 (Investment Opportunity with You) ပွဲကြီးတွင် မြန်မာနိုင်ငံသားများဘဏ်(MCB) မှ Diamond Sponsor အဖြစ်ပံပိုးကာ ပူးပေါင်းပါဝင်ခဲ့ပြီး Listed Company ဖြစ်သည်နှင့်အညီ ပြခန်း၁ခုအနေဖြင့် ခင်းကျင်းပြသခဲ့ပါသည်။
MCB Bank မှ Head of SME ၏ Executive Vice President ဖြစ်သူ ဒေါ်မီမီကျော်မှ ဘဏ်၏ လက်ရှိ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် တိုးတက်မှုအစီအစဉ်များ၊ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး အခွင့်အလမ်းကောင်းများနှင့် ပတ်သက်သည့် အကြောင်းအရာများအား အခမ်းအနားတွင် ရှင်းလင်းတင်ပြခဲ့ပါသည်။

Categories

Small Steps to Your Better Future.