ပရိုမိုးရှင်းအစီအစဥ်

“စုငွေလည်းပွား ကိုရီးယားလည်းသွား” အထူးပရိုမိုးရှင်းအစီအစဥ်

Myanmar Citizens Bank – MCB ဘဏ်မှာ ငွေစုရုံနဲ့ ကိုးရီးယားနိုင်ငံကို အခမဲ့ သွားရောက်လည်ပတ်နိုင်မယ့် “စုငွေလည်းပွား ကိုးရီးယားလည်းသွား” ဆိုတဲ့ အထူးအခွင့်အရေးအစီအစဥ်တစ်ခုကို MCB ဘဏ်ရဲ့ မိတ်ဟောင်းမိတ်သစ် customers များအတွက် ယူဆောင်လာပါပြီရှင်။​

ဒီအထူးအစီအစဥ်ကြီးမှာ ပါဝင်ကံစမ်းနိုင်ဖို့အတွက်ဆိုရင်တော့ MCB ဘဏ်မှာ သိန်း (၃၀၀) ကို (၃) လ ငွေစုရုံနဲ့ အိုပါးတို့ရဲ့ ကိုရီးယားမြေကို ၄ ရက်တာ အခမဲ့ အလည်အပတ်သွားရောက်နိုင်မယ့် အထူးအခွင့်အ‌ခွင့်အရေးအပြင် လစဉ်လတိုင်း ငွေသားဆုမဲတွေအဖြစ် သိန်း (၂၀) တစ်ဆု၊ (၁၀) သိန်းဆု တစ်ဆု၊ (၅) သိန်းဆု ၂ ဆု၊ (၁) သိန်းဆု ၁၀ ဆုတို့ကို မဲဖောက်ကံစမ်းပေးသွားဦးမှာဖြစ်ပါတယ်ရှင်။​

ပါဝင်ကံစမ်းနိုင်သူများ

ဒီ “စုငွေလည်းပွား ကိုးရီးယားလည်းသွား” ဆိုတဲ့ အစီအစဥ်ကြီးမှာ ပါဝင်ကံစမ်းနိုင်ဖို့အတွက်ဆိုရင်တော့ အောက်ပါစည်းမျဥ်းစည်းကမ်းများနဲ့ ကိုက်ညီသူ မည်သူမဆို ပါဝင်ကံစမ်းနိုင်မှာဖြစ်ပါတယ်ရှင်။

ဆုလက်ဆောင်များ

“ဆုငွေလည်းပွား ကိုးရီးယားလည်းသွား” အထူးပရိုမိုးရှင်းအစီအစဥ်တွင် ငွေသားဆုလက်ဆောင်များအဖြစ် 

အထူးဆုကြီးအဖြစ် ကိုးရီးယားနိုင်ငံကို ၃ ညအိပ် ၄ ရက်တာခရီးစဥ်ကို အခမဲ့ သွားရောက်လည်ပတ်ခွင့်ရရှိမှာဖြစ်ပါတယ်ရှင်။​

ကံစမ်းမဲကာလ

သြဂုတ်လ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ

စည်းကမ်းသတ်မှတ်ချက်များ

အထက်ပါ အချက်အလက်တွေနဲ့ ကိုက်ညီရုံနဲ့ အိုပါးတို့ရဲ့ ကင်ချီမြေကို ၃ ညအိပ် ၄ ရက်တာ အလည်အပတ်သွားရောက်ခွင့်ရရှိနိုင်မှာဖြစ်ပြီး ဒီအစီအစဥ်အတွက် စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များအနေနဲ့ –

ကဲ …
ငွေစုရင်း အတိုးလည်းရ၊ ဗလာမပါ ငွေသားဆုမဲများကိုလည်း ကံထူးခွင့်ရရှိနိုင်မယ့်အပြင် အိုပါးတို့ရဲ့ ကင်ချီမြေကိုလည်း အခမဲ့ အလည်အပတ်သွားရောက်နိုင်မယ့်အခွင့်အရေးကြီးကို ရယူနိုင်ဖို့အတွက် အခုပဲ MCB ဘဏ်မှာ ငွေစုရင်း ကံစမ်းလိုက်ကြစို့နော်။

  • လစဥ်မဲဖောက်ပေးသွားမည့် ငွေသားဆုမဲများအတွက် ကံထူးရှင်ရွေးချယ်ခြင်းကို လစဥ် ၅ ရက်နေ့တွင် MCB ဘဏ်၏ တရားဝင် Facebook စာမျက်နှာတွင် ကြေငြာပေးသွားမည်ဖြစ်သည်။
  • လစဥ်မဲဖောက်ပေးသွားမည့် ငွေသားဆုမဲများအတွက် “ပထမအကြိမ်အဖြစ်” သြဂုတ်လ ၃၁ ရက်နေ့တွင် စာရင်းပိတ်ပြီး ကံထူးရှင်များကို စက်တင်ဘာလ ၅ ရက်နေ့တွင် MCB ဘဏ်၏ တရားဝင် Facebook စာမျက်နှာတွင် ကြေညာပေးသွားမည်ဖြစ်သည်။ ပထမအကြိမ် လစဥ်ငွေသားဆုလက်ဆောင်များအဖြစ် –
    ၁၀၀,၀၀၀ ဆု ၅ ဆု
    ၅၀၀,၀၀၀ ဆု ၁ ဆု
    ၁,၀၀၀,၀၀၀ ဆု ၁ ဆု
    တို့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
  • လစဥ်မဲဖောက်ပေးသွားမည့် ငွေသားဆုမဲများအတွက် “ဒုတိယအကြိမ်အဖြစ်” စက်တင်ဘာလ ၃၁ ရက်နေ့တွင် စာရင်းပိတ်ပြီး ကံထူးရှင်များကို အောက်တိုဘာလ ၅ ရက်နေ့တွင် MCB ဘဏ်၏ တရားဝင် Facebook စာမျက်နှာတွင် ကြေညာပေးသွားမည်ဖြစ်သည်။ ဒုတိယအကြိမ် လစဥ်ငွေသားဆုလက်ဆောင်များအဖြစ် –
    ၁၀၀,၀၀၀ ဆု ၅ ဆု
    ၅၀၀,၀၀၀ ဆု ၁ ဆု
    ၂,၀၀၀,၀၀၀ ဆု ၁ ဆု
    တို့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
  • လစဥ်မဲဖောက်ပေးသွားမည့် ငွေသားဆုမဲများအတွက် ကံထူးရှင်များကို ရွေးချယ်ကြေငြာပြီးနောက် ဆုလက်ဆောင် ငွေသားများကို ကံထူးရှင်များ၏ MCB ဘဏ်အကောင့်စာရင်းထဲသို့ တိုက်ရိုက်ထည့်သွင်းလွှဲပြောင်းပေးသွားမည်ဖြစ်သည်။
  • အထူးဆုကြီးဖြစ်သည့် “ကိုးရီးယားမြေသို့ ၄ ရက်တာ အခမဲ့ အလည်အပတ်သွားရောက်ခွင့်” ကို အောက်တိုဘာလ ၃၁ ရက်နေ့တွင် ရွေးချယ်ပေးသွားမည်ဖြစ်ပြီး အထူးဆုကြီး၏ ကံထူးရှင်အမည်ကို နိုဝင်ဘာလ ၅ ရက်နေ့တွင် MCB ဘဏ်၏ တရားဝင် Facebook စာမျက်နှာတွင် ကြေညာပေးသွားမည်ဖြစ်သည်။
  • အထူးဆုကြီးအတွက် ကံထူးရှင်ရွေးချယ်ရာတွင် Winner, 1st Runner Up, 2nd Runner Up အဖြစ် ၃ ဦးကို ရွေးချယ်သွားမည်ဖြစ်ပြီး အထူးဆုကံထူးရှင်သည် အကြောင်းအမျိုးမျိုးကြောင့် ကိုးရီးယားနိုင်ငံသို့အလည်အပတ်ခရီးစဥ်ကို လိုက်ပါနိုင်ခြင်းမရှိခဲ့ပါက 1st Runner Up မှ အစားထိုးခံစားခွင့်ရှိမည်ဖြစ်သည်။
  • ယခုအစီအစဥ်၏ အထူးဆုကြီးဖြစ်သည့် “ကိုးရီးယားနိုင်ငံသို့ အလည်အပတ်သွားရောက်ခွင့်” ကို ကံထူးရှင်အဖြစ် ရွေးချယ်ခြင်းခံရသူသည် မိမိနှင့်အတူ မိမိကြိုက်နှစ်သက်သူ အဖော်တစ်ဦးကို ခရီးစဥ်အတွင်း ခေါ်ဆောင်သွားနိုင်မည်ဖြစ်သည်။
  • ယခုအစီအစဥ်၏ အထူးဆုကံထူးရှင် (+ ၁ ဦး) သည် ကိုးရီးယားနိုင်ငံသို့ ၃ ညအိပ် ၄ ရက်တာခရီးစဥ်အတွက် လေယာဥ်လက်မှတ် (အသွားအပြန်)၊ Visa ဝန်ဆောင်မှု၊ 3 Stars ဟိုတယ်တွင် ၃ ညတာ တည်းခိုနေထိုင်ခွင့်၊ အစားအသောက်နှင့် ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့အတွင်း အထင်ကရနေရာများသို့ သွားရောက်လည်ပတ်နိုင်ခွင့်တို့ကို ရရှိသွားမည်ဖြစ်ပြီး ခရီးစဥ်အစအဆုံးအတွက် MCB ဘဏ်မှ တာဝန်ယူစီစဥ်ပေးသွားမည်ဖြစ်သည်။
  • အထူးဆုကံထူးရှင်သည် ပတ်စ်ပို့မရှိ၍ဖြစ်စေ၊ ကျန်းမာရေးအခြေအနေကြောင့်ဖြစ်စေ၊ Visa ကြောင့်ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့် ခရီးစဥ်ကို မလိုက်ပါနိုင်ခဲ့ပါက မိမိ၏ သန်းခေါင်စာရင်းပါ မိသားစုဝင်တစ်ဦးကို လွှဲပြောင်းခံစားခွင့်ရရှိမည်ဖြစ်သည်။
  • ယခုအစီအစဥ်၏ အထူးဆုကံထူးရှင်သည် အကြောင်းအမျိုးမျိုးကြောင့် လိုက်ပါနိုင်ခြင်းမရှိခဲ့ပါက အခြားလူတစ်ဦးအား လူစားထိုးစေလွှတ်ခြင်း၊ ငွေသားအဖြစ်ပြန်လည်လဲလှယ်ခြင်းတို့ကို ခွင့်ပြုသွားမည်မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
  • ယခုအစီအစဥ်တွင် MCB ဘဏ်၏ ဝန်ထမ်းများ ပါဝင်ကံစမ်းခွင့်ရှိမည်မဟုတ်ပါ။
  • အကယ်၍ အငြင်းပွားဖွယ်တစ်စုံတစ်ရာဖြစ်ပေါ်လာပါက MCB ဘဏ်၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။